Tuesday, October 23, 2007

သက်မွေးပညာရေး

ကလေးတွေအတွက် သက်မွေးဝမ်းကျောင်း အတတ်ပညာတွေ သင်ပေးတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ၊ ပညာရေးဌာနက အခြေခံပညာကျောင်းတွေမှာ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်က စပြီး အိမ်တွင်းမှုပညာ သက်မွေးဝမ်းကျောင်း ပညာ တွေကို စနစ်တကျ သင်ပေးရမယ်လို့ ပြောလာပါပြီ။ တကယ်တော့ အတန်း အချိန် စာရင်းထဲမှာက အိမ်တွင်းမှုဆိုတဲ့အချိန်ဆိုတာ ပါပြီးသားပါ။ ဒါပေမဲ့ အဲဒီအချိန်တွေ မှာ ကလေးတွေက စကားပြောတဲ့လူပြောကစားတဲ့လူက ကစားနဲ့သာ နေနေကြရ ပါတယ်။ ဆရာ ဆရာမတွေအတွက်လည်း အဲဒီအချိန်က သူတို့ရဲ ကိုယ်ပိုင်ချိန်တွေ လိုပါပဲ။
ဒါပေမဲ့ တချိုကျောင်းတွေမှာတော့ အိမ်တွင်းမှုချိန်မှာ မိန်းကလေးတွေကို အသုပ်သုပ် နည်း၊ အပ်ချုပ် နည်းတွေ သင်ပေးပါတယ်။ ယောက်ျားလေးတွေကတော့ ပြေးလွှား ကစားတာပဲ ရှိပါတယ်။ မြန်မာနိုင်ငံရဲ အစဉ်အလာ ယုံကြည်မှုအရလည်း အိမ်တွင်းမှုအတတ် ဆိုတာက ယောက်ျားလေး နဲ့ မဆိုင်ဘူး၊ မိန်းကလေးနဲ့သာ သက်ဆိုင် တယ်လို့ သတ်မှတ်တာမျိုး ရှိတာကြောင့် ယောက်ျားလေးတွေအတွက် အိမ်တွင်းမှုအချိန်မှာ အသုံးဝင်တဲ့ သင်ခန်းစာမျိုးတွေ သင်ခွင့် မရကြပါဘူး။ ပြီးတော့ ၊ မြန်မာနိုင်ငံ ပညာရေးထဲမှာ အိမ်တွင်းမှုပညာ ဆိုတာ ကလည်း စနစ်တကျသင်ပေးတဲ့ ပညာရပ်မဟုတ်သလို သက်မွေးဝမ်းကျောင်းပညာတို့ စက်မှုလက်မှုပညာ ဆိုတာတွေကတော့ ကြားတောင် မကြားဖူးတဲ့ ပညာရပ်တွေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံရဲ ကျောင်းပညာရေးအချိန်ဇယားထဲက အိမ်တွင်းမှုအချိန်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ဗိုလ်တထောင် မြို့နယ် က ဆယ်တန်းကျောင်းသူလေးတစ်ယောက်ကတော့ ခုလို ပြောပြခဲ့ပါတယ်။
"အိမ်တွင်းမှုအချိန်မှာ တခါတလေတော့ သမီးတို့ လက်ဘက်သုပ်ပြိုင်ပွဲတို့ ဘာတို့ လုပ်ဖူး ပါတယ်။ ဘာမှမလုပ်ပဲ ထိုင်ထိုင်နေရတာတော့ များပါတယ်။ မိန်းကလေးသီးသန့် ကျောင်းတွေကတော့ အိမ်တွင်းမှုချိန်မှာ အပ်ချုပ်သင်တာတို့ ဇာထိုးပန်းထိုးသင်တာတို့ လုပ်ပေးတယ်။ တကယ်တတ် အောင် သေသေချာချာ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ယောက်ျားလေးတွေကတော့ ဘာမှ မသင်ရဘူး၊ အဲဒီအချိန်မှာ လျောက်ဆော့နေတာပဲ..."
ထိုင်းနိုင်ငံမှာကတော့ အိမ်တွင်းမှုအချိန်ဆိုတာ ကျောင်းသူကျောင်းသားတွေကိုယ်တိုင် အနုပညာတွေ လက်မှု ပညာတွေကို ဆရာဆရာမတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖန်တီးကြတဲ့ အချိန်ပါ။ ကလေးတွေဟာ စာရွက်တွေ ကော်တွေ ဆေးရောင်စုံတွေ ဂျာနယ် စာစောင်တွေထဲက ဖြတ်တောက်ထားတဲ့ ရုပ်ပုံတွေနဲ့ သူတို့နားမှာ အလွယ်တကူ ရှိနေတဲ့ ပစ္စည်းလေးတွေကိုသုံးပြီး သူတို့ စိတ်ကူးတည့်ရာ ပစ္စည်း အသစ်လေးတွေ အဖြစ် ဖန်တီးကြပါတယ်။ ဥပမာပြောပြ ရရင် သောက်ပြီးသား ပလပ်စတစ်နို့ဗူး အခွံလေးကို လွှင့်မပစ်စေဘဲနဲ့ နို့ဗူးရှည်ရှည်လေးရဲ တံဆိပ်စက္ကူပတ်ကို ခွာလိုက်ပါ တယ်။ ပြီးတော့မှ အဲဒီ နို့ဗူးရဲ ကျန်ခဲ့တဲ့ ကိုယ်ထည် အဖြူပေါ်မှာ ဆေးရောင်စုံခြယ်တာတို့ ရုပ်ပုံလေးတွေ စတစ်ကာလေး တွေသုံးပြီး ကပ်တာတို့ကို ကလေးတွေ ကြိုက်သလို လုပ်စေပါတယ်။ ပြီးသွားတဲ့ အခါမှာတော့ နို့ဗူးဟောင်းလေး ဟာ ခဲတံစိုက်ဗူး လှလှလေး ဖြစ်သွားပါတော့တယ်။ အဲဒီအတွက် ကုန်ကျစရိတ်လည်း ဘယ်လောက်မှမရှိဘဲ ကလေးတွေဟာ စွန့်ပစ္စည်းကနေ နောက်ထပ် အသုံးဝင်တဲ့ ပစ္စည်းအသစ်တခုခု ဖန်တီးလို့ရတယ်ဆိုတာကို သိသွားပါတယ်။ အဲလိုပဲ တခြား မုန့်ဗူးလေးတွေ ရေခဲမုန့် ခွက် ကလေးတွေကိုပါ တခုခု ပြန်လုပ်ဖို့ စဉ်းစားတတ် သွားကြပါတယ်။

ထိုင်းနိုင်ငံ ပညာရေးထဲမှာ အဲလို လက်မှုပညာ သင်ကြားမှုမျိုးကို အတန်းလိုက် အသက်အရွယ်အလိုက် တတန်းချင်း အဆင့်မြှင့်ပြီး သင်ယူသွားကြရပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံရဲ အမှတ်တရပစ္စည်း ရောင်းတဲ့ ဆိုင်လေးတွေမှာ ကျောင်းသူကျောင်းသားတွေ တီထွင်ဖန်တီးထားတဲ့ လက်မှုအနုပညာ ပစ္စည်းတွေ ရောင်းနေတာ၊ တခါတလေ နိုင်ငံခြားသားတွေအလာများတဲ့ ညဈေးတန်းတွေ တနင်္ဂနွေဈေးတွေမှာ ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် သူတို့ဖန်တီးထားတဲ့ လက်မှုပစ္စည်းလေးတွေ ဆိုင်ခင်းပြီး ပျော်ပျော် ပါးပါး ရောင်းချနေကြတာကို တွေ့နိုင်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း တကယ့် နိုင်ငံကြီးတွေမှာလိုပဲ ဈေးရောင်း တာဟာ ရှက်စရာ သိမ်ငယ်တဲ့အလုပ် မဟုတ်ပါဘူး။ ဒါဟာ ကျောင်းကပေးလိုက်တဲ့ လက်တွေ့အသုံးချနိုင်တဲ့ သက်မွေးဝမ်းကျောင်း အတတ်ပညာတွေလည်း ပဲ ဖြစ်ပါတယ်။

သက်မွေးဝမ်းကျောင်းပညာတို့ စက်မှုလက်မှုပညာတို့ကို အလေးထားသင်ပေးတာနဲ့ ပတ်သက်ရင် ဂျပန်နိုင်ငံ ကတော့ အထူးပဲ အတုယူစရာ ကောင်းလှပါတယ်။ ဂျပန်နိုင်ငံဟာ သူ့နိုင်ငံ ထူထောင်ရေး အတွက် ၁၈၈၀ ခုနှစ်မှာ တိုကျို စက်မှုလက်မှုကျောင်းကို စဖွင့်ရာကနေ စက်မှုလက်မှု ပညာရှင်တွေကို အရင်ဆုံး မွေးထုတ် လိုက်ပါတယ်။ ပြီးတော့မှ အဲဒီ ပညာရှင်တွေကပဲ တာဝန်ယူပြီးတော့ နိုင်ငံအတွက် လိုအပ်တဲ့ စက်မှုလုပ်ငန်း တွေ စက်ရုံတွေဆောက်လုပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်ခဲ့ကြ တာပါ။ ပညာက ဦးဆောင်သွားတဲ့ ပညာရှေ့သွားစနစ်ပါ။ ဒါနဲ့ပတ်သက်ပြီး ၁၈၉၃ခုနှစ်မှာ ဂျပန် ပညာရေး ၀န်ကြီး 'Kono Togama' ပြောခဲ့တဲ့ စကားက မှတ်သားစရာပါပဲ။
ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေဟာ တမျိုးသားလုံး ချမ်းသာရေးနဲ့ တိုင်းပြည် တိုးတက်ရေးတွေအတွက် အလွယ်တကူ မမြင်နိုင် နားလည် မလွယ်နိုင် တဲ့ နောက်ကွယ်က ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်တယ်၊ ဒါကြောင့် သက်မွေးဝမ်းကျောင်း ပညာနဲ့ ဗဟုသုတတွေကို ကျွမ်းကျင်အောင် ထောက်ပံ့အားပေးတာဟာ တပ်မတော်သားတွေ ပျိုးထောင် မွေးထား သလိုပဲ နိုင်ငံရဲလွတ်လပ်ရေးအတွက် ခံတပ် တည်ဆောက်နေတာပဲ ဖြစ် ပါတယ်....
လို့ ပြောခဲ့ပါတယ်။ 

ပြည်သူလူထုပညာတတ်ဖို့အတွက် ဦးတည်ဆောင်ရွက်တာဟာ နိုင်ငံလွတ်လပ်ရေးနဲ့ ကာကွယ်ရေးကိုပါ လုပ်ဆောင်ပြီးသား ဖြစ်သွားတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ အဲလို ပညာရေးစနစ်ကြောင့်ပဲ ဂျပန်နိုင်ငံ ဟာ ကမ္ဘာမှာ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နေနိုင်တာ လို့တောင် ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပညာရေးအာဏာပိုင်တွေက သက်မွေးဝမ်းကျောင်းပညာအတွက် ထိထိရောက်ရောက် အားပေး ပံ့ပိုးမှု မရှိသေးဘူးဆိုပေမဲ့ သက်ဆိုင်ရာကျောင်းအလိုက် ဆရာ ဆရာမတွေ က ကျောင်းသားတွေ အတွက် ကိုယ်တတ်နိုင်သလောက် သက်မွေးဝမ်းကျောင်း ပညာတွေကို သင်ကြားပေးသင့်ပါတယ်။ အနည်း ဆုံး တော့ ငွေကုန်ကြေးကျ မများလှဘဲနဲ့ အလွယ်တကူ လုပ်နိုင်တဲ့ လက်မှုအနုပညာတွေကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးနိုင်ပါတယ်။ ဒါဟာ ကလေးတွေကို လက်မှုအတတ်ပညာတရပ်ကို သင်ပေးလိုက် တာ သာမကဘဲ စဉ်းစားတီထွင်ဥာဏ်နဲ့ ဖန်တီးလိုစိတ်ကို ပါ လေ့ကျင့်ပေးရာရောက် တာမို့ ကျောင်းသူ ကျောင်းသားတွေ အတွက် သိပ်ကို အကျိုး ရှိတာပါ။ ဒါဟာ တနည်းအားဖြင့်တော့ ခုချိန်မှာ အဘက်ဘက်က ဆုတ်ယုတ်လာနေတဲ့ မြန်မာနိုင်ငံရဲအနာဂတ်အတွက် ကျားကန်ပေးနိုင်ဖို့ ခံတပ်တခုကို တနိုင်တပိုင် တည်ဆောက် ပေးရာလည်း ရောက်တယ်လို့ ဆိုနိုင်ပါတယ်

မေငြိမ်း
ဧပြီ။၂၀၀၇။

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...