Sunday, March 30, 2008

အလွတ်ပညာသင်ကျောင်းနဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် နိမ့်ကျရတဲ့ အကြောင်းရင်းတွေထဲမှာ သင်ရိုးတွေ ခေတ်မမီမှု၊ စာပေ ယဉ်ကျေးမှု နဲ့ နိုင်ငံ့ရေးရာတွေမှာ ဘက်လိုက်သင်ကြားတာတွေနဲ့ အတူ သင်ရိုးကို အစိုးရက ဗဟိုကနေ မတရားသဖြင့် ချုပ်ကိုင်စွက်ဖက်မှုတွေကြောင့်လည်း နိမ့်ကျနေရတာဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်တွေမှာ ဆွေးနွေးခဲ့ ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာက မိဘတွေရဲ့ အထွေထွေစီးပွားရေး အကျပ်အတည်းတွေကြောင့် ကလေးတွေ ကျောင်းမနေနိုင်တာကြောင့်ရော၊ အစိုးရရဲ့ လျစ်လျူရှုမှုကြောင့် ပညာရေးစနစ်အဆင့်အတန်း နိမ့်ကျနေ ရတာတွေကြောင့်ရော၊ မြန်မာနိုင်ငံပညာရေး ယိုယွင်းကျဆင်းနေချိန်မှာ အာဏာပိုင်အစိုးရ မကူညီဘဲနဲ့တော့ အောင်မြင်တဲ့ ပညာရေးကို ရဖို့ ခဲယဉ်းတာ အမှန်ပါပဲ။ တကယ်လို့ အစိုးရကသာ စေတနာရှိတယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးကို အလျင်အမြန် ဦးမော့သွားအောင် လုပ်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။

တကယ်တော့ အစိုးရကသာ ပညာရေးကို လမ်းဖွင့်ပေးမယ်ဆိုရင် ခုလောက် ချွတ်ခြုံကျနေတဲ့ ပညာရေးကို လည်း ပြန်ပြီး ဦးမော့လာအောင် ပြည်သူလူထုအနေနဲ့တောင် လုပ်ပေးနိုင်ပါတယ်။ ပညာရေးမှာ လူလတ် တန်းစားမိသားစုဝင်ကလေး တွေပါ တက်ရောက်သင်ယူနိုင်တဲ့ အခမဲ့ပုဂ္ဂလိကပိုင်ကျောင်းတွေ များများ ဖွင့်ပေး နိုင်ပါတယ်။ ပညာရေးအတွက် အထောက်အပံ့ပေးမယ့် အကျိုးအမြတ်မယူတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကို ခွင့်ပြုဖို့လိုပါတယ်။ အဲဒီအပြင် နိုင်ငံအစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် လူထုကိုယ်တိုင် ပါဝင်ကူညီတည်ထောင်တဲ့ အလွတ်ပညာသင်ကျောင်းတွေ ဖွင့်သင့်ပါတယ်။

တကယ်တော့ အဲလို အလွတ်ပညာသင်ကျောင်းမျိုးကို ဖွံ့ဖြိုးတိုးတက်ပြီးသားဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုလို နိုင်ငံကြီးမှာတောင် အမျိုးသားပညာရေး ဆောင်ရွက်ချက်အနေနဲ့ လုပ်နေတာ တွေ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ အဲလိုကျောင်းမျိုး ကို Charter School လို့ ခေါ်ပါတယ်။ အမေရိကန်နိုင်ငံက ချာတာကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကွင်းဆင်းလေ့လာထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ အမြင်ကို ဒီနေရာမှာ တင်ပြပါ့မယ်။

ချာတာကျောင်းတွေဟာ အစိုးရကျောင်းများကနေတဆင့် ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ ကျောင်းသား မိဘနှင့် ဆရာများပါဝင်သော နိုင်ငံသားများကိုယ်တိုင် တည်ထောင် ဖွင့်လှစ်နိုင်တဲ့ ကျောင်းမျိုးဖြစ်ပါတယ်။ ချာတာကျောင်းတွေဟာ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ရဲ့ အုပ်ချုပ်မှုကနေ ကင်းလွတ်ပြီးတော့ ကျောင်းသား တွေရဲ့ ပညာရေးအောင်မြင်မှုအပေါ်မှာသာ အခြေခံပြီး တည်ထောင်တဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ကျောင်းသားတွေ အောင်မြင်မှုများများရမှ ချာတာကျောင်းပညာရေးက တည်တံ့အောင်မြင်တဲ့ ပညာရေး ဖြစ်လာမှာပါ။ ချာတာကျောင်းပညာရေးမှာ ကျောင်းသားမိဘက ကျောင်းကို ရွေးချယ်နိုင်ပါတယ်။ ပုဂ္ဂလိက ကျောင်းတွေနဲ့ မတူတာကတော့ ပုဂ္ဂလိက ကျောင်းတွေက ကျောင်းသားကို ရွေးလက်ခံပြီး ကျောင်းသားက ကျောင်းလခ ပေးရပါတယ်။ ချာတာကျောင်းတွေကတော့ အခမဲ့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ချာတာကျောင်းတွေကို ရီပတ်ဗလီကင်နှင့် ဒီမိုကရက်နှစ်ပါတီစလုံးက အားပေးပါတယ်။

သမ္မတ ဘီလ်ကလင်တန်လက်ထက်မှာတုန်းက ချာတာကျောင်းတွေဟာ လွတ်လပ်မှုလည်းရှိ၊ တာဝန်ယူမှု လည်း ရှိပြီး နိုင်ငံရေးအရလည်း အကျေအလည် ဆွေးနွေးပြီးဖြစ်တဲ့အတွက် တကယ်အလုပ်ဖြစ်တဲ့ ကျောင်းတွေ ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံမှာရှိတဲ့ အကယ်ဒမီကျောင်း (City Acedamics)တွေကလည်း အမေရိကန်က ချာတာကျောင်းတွေနဲ့တူတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ အကယ်ဒမီကျောင်း တွေကလည်း လွတ်လပ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေရဲ့ ပညာရေးတိုးတက်မှုကို ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

ဒေါက်တာသိန်းလွင်က အမေရိကန်ဆရာများသမဂ္ဂကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး ချာတာကျောင်းများအပေါ် အမြင်ကို မေးမြန်းခဲ့ပါသေးတယ်။ အဲဒီအခါမှာ ဆရာများ သမဂ္ဂရဲ့ တာဝန်ရှိသူတွေက ချာတာကျောင်းတွေရဲ့ အကျိုးနဲ့အပြစ်ကို ချိန်ထိုး ပြောပြပါတယ်။ ပြောပြချက်တွေအရ အားသာချက်ကတော့ ချာတာကျောင်းတွေရဲ့ အရွယ်အစားက အစိုးရကျောင်းတွေထက် သေးငယ်တာကြောင့် စီမံခန့်ခွဲရ လွယ်တယ်လို့ ပြောပါတယ်၊ ကျောင်းသေးတဲ့အတွက် ကျောင်းသားလည်း နည်းတာမို့ ကျောင်းသားတွေကို ကိုင်တွယ်ရာမှာ အစိုးရ ကျောင်းတွေထက် ပိုပြီး နိုင်နိုင်နင်းနင်းရှိတယ်လို့ ဆိုနိုင်ပါတယ်။ နောက် ချာတာကျောင်းတွေမှာ ကျောင်းရဲ့ ရည်မှန်းချက် လုပ်ငန်းစဉ်တွေ ထင်ထင်ရှားရှား ရှိပါတယ်။ ရည်မှန်းချက်က ကျောင်းရဲ့ အောင်မြင်မှုအတွက် အချက်အချာ ကျတယ်လို့ ဆိုပါတယ်။

ချာတာကျောင်းရဲ့ အားနည်းချက်တွေကတော့ အစိုးရကျောင်းမဟုတ်တဲ့အတွက် ဆရာတွေ အလုပ်မမြဲကြတာ ကြောင့် သင်ကြားရေးမှာ မတည်ငြိမ်ဖြစ်ရတယ်လို့ ဆိုပါတယ်။ ချာတာကျောင်းတွေဟာ အစိုးရကျောင်းတွေနဲ့ အပြိုင်အဆိုင် ဖြစ်လာ တာကြောင့် အစိုးရကျောင်းဆရာတွေ စိတ်မချမ်းမသာ ဖြစ်ရတယ်လို့လည်း ပြောပါတယ်။ အဲဒီအပြင် ချာတာကျောင်းတွေဟာ လွတ်လပ်မှုလွန်ကဲပြီး ပညာရေးစံတွေနဲ့ ကင်းလွတ်တယ် လို့လည်း ဝေဖန်ပါတယ်။ ဆရာများသမဂ္ဂရဲ့ အမြင်အရတော့ ချာတာကျောင်းက ဆရာတွေဟာ 'ဆရာများ သမဂ္ဂ'ကို မ၀င်ကြတာကြောင့် ဆရာများသမဂ္ဂက ပို့ချတဲ့ သင်တန်းတွေ တက်မထားရပါဘူး၊ ဒါကြောင့် စံမီတဲ့ ဆရာတွေ မဖြစ်နိုင်ဘူးလို့ ယူဆထား တာပါပဲ၊

ဒေါက်တာသိန်းလွင်ကတော့ ချာတာကျောင်းတွေရဲ့ အကျိုးအပြစ်ကို ချိန်ဆပြီး မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရာမှာ ချာတာကျောင်းပုံစံကို ထည့်သွင်းစဉ်းစား သင့်တယ်လို့ ဆိုပါတယ်။ ချာတာကျောင်းတွေ ဟာ ‘အစိုးရ ထောက်ပံ့ခံပေမဲ့ လွတ်လပ်တဲ့ကျောင်း’တွေ ဖြစ်တဲ့အတွက် အဲလို လွတ်လပ်တဲ့ ကျောင်းတွေကို အားပေးတာဟာ တနည်းအားဖြင့်တော့ ဆရာတွေ၊ ကျောင်းသားမိဘတွေနဲ့ ပညာရေး လုပ်ဆောင်သူတွေကိုပါ ပညာရေးဖွံ့òဖိးရေးအတွက် စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွ ပါဝင်လာစေအောင် အားပေးတာပဲ ဖြစ်ပါတယ်၊ တနည်းအားဖြင့် နိုင်ငံသားအားလုံး တက်ကြွစွာပါဝင်တဲ့ ဒီမိုကရေစီ အလေ့အကျင့်ကို အားပေးခြင်းပဲ ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တွဲဘက်ကျောင်းတွေဟာလည်း ရပ်ရွာတွေကနေ တာဝန်ယူ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ ဖြစ်တာမို့ လွတ်လပ်တဲ့ ကျောင်းတွေပဲ ဖြစ်တယ်လို့ ဆရာ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ အဲသလိုပဲ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ရပ်ရွာက ထောက်ပံ့ကူညီထားတာဖြစ်တဲ့အတွက် ချာတာကျောင်း ပညာရေးဟာ မြန်မာနိုင်ငံနဲ့လည်း အစိမ်းသက်သက်တော့ မဟုတ်ပါဘူး၊ ဒါကြောင့် ရပ်မိရပ်ဖတွေ ကိုယ်တိုင် ကျောင်းတည်ထောင်နိုင်ရင်တော့ လွတ်လပ်တဲ့ ချာတာကျောင်းတွေ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာသိန်းလွင် အကြံပြုထားတာကို တင်ပြလိုက်ရပါတယ်။

5/12/07

Tuesday, March 25, 2008

သင်ရိုးညွှန်းတန်း

ပြီးခဲ့တဲ့ အပတ်တွေမှာတုန်းက စာသင်ခန်းထဲကနေ စည်းကမ်းရှိတဲ့ နိုင်ငံသားတွေ ပျိုးထောင်ယူလို့ ရနိုင်တဲ့ အကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးစာတမ်းကနေတဆင့် အများကြီး ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်တော့ စာသင်သားတွေအတွက် ဗဟုသုတများစွာတိုးပွားဖြစ်ထွန်းစေတဲ့ သင်ခန်းစာတွေထဲမှာ နိုင်ငံ့အရေးအရာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာတွေကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ အချက်ကို ဦးတည်ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ စာတမ်းမှာ ပြဋ္ဌာန်းသင့်တဲ့ သင်ရိုးတွေကို အဓိကထားပြီး အကြံပြု တင်ပြသွားတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီသင်ရိုးတွေထဲမှာပါတဲ့ သင်ခန်းစာတွေကို အကြောင်းအကျိုးရှင်းလင်းအောင် ပြောပြသင်ပြဖို့ ကတော့ ဆရာတွေရဲ့တာဝန်သာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာအဖြစ် ဦးသန့်တင်ပြခဲ့တဲ့ ဒီမိုကရေစီစနစ် အကြောင်း သင်ကြားပြောပြရာမှာ အားနည်းချက်တွေကိုပါ ထည့်သွင်း ပြောပြသင့် တယ် ဆိုတဲ့အချက်အရ ဘယ်လိုသင်ကြားပြောပြနိုင်သလဲဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ ဆိုးပြစ်တွေဖြစ်တဲ့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက် ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ ဆိုတဲ့အချက်ကို ပြောပြရာမှာ ဆရာအနေနဲ့ ဒီနေရာမှာ ဒီမိုကရေစီအစိုးရကို သေသေချာချာ ရွေးချယ်တင်မြှောက်နိုင်တဲ့ ပြည်သူလူထုဖြစ်အောင် ပြည်သူလူထုကို နိုင်ငံရေး အသိဉာဏ်ရှိအောင် ဖန်တီးပေးထားဖို့လိုတယ် ဆိုတာ ပြောပြဖို့ လိုပါတယ်။ အဲဒီလို အသိဉာဏ်ရှိဖို့အတွက် စာသင်သားအရွယ် ငယ်စဉ်ကတည်းက ကျောင်းမှာ နိုင်ငံရေးကိစ္စကို ထည့်သွင်း သင်ကြားသင့်တယ် ဆိုတာကိုလည်း ဆရာက သေချာ ပြောပြရမှာဖြစ်ပါတယ်။ ဒါမှပဲ အရွယ်ရောက်ချိန်မှာ လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ ဗဟုသုတတွေနဲ့ ပြည့်စုံနေမှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ အုပ်ချုပ်သူအစိုးရကို သေချာ ရွေးချယ်တင်မြှောက်နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် နိုင်ငံတနိုင်ငံမှာ နိုင်ငံသားကောင်းတွေ ပေါ်ထွန်းဖို့အတွက် ကျောင်းပညာရေးထဲက သင်ရိုးညွှန်းတန်း က အရေးပါတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်းရဲ့အရေးပါမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးပညာရှင်ဒေါက်တာသိန်းလွင်က သူ့ရဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာ စာတမ်း တစ်စောင်မှာ ထည့်သွင်း အကြံပြုထားပါတယ်။ ဒေါက်တာသိန်းလွင်က သင်ရိုးညွှန်းတမ်းကိစ္စဟာ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေ မကြာခဏ အငြင်းအခုံဖြစ်ရတဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒေါက်တာသိန်းလွင်က “နိုင်ငံရေးသမားတွေက သူတို့ရဲ့ နိုင်ငံရေးအမြင်နှင့် လုပ်ဆောင်ချက်တွေကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သင်စေချင်ပြီး၊ ပညာရှင်တွေကတော့ ဘက်တစ်ဖက်တည်းကနေ ရပ်တည်တဲ့ အမြင်တခုကို ကျောင်းသင်ခန်းစာ အနေနဲ့ သွပ်သွင်းပို့ချတာကို သဘောမတူကြဘူး” လို့ ပြောပါတယ်။ အဲဒီအပြင် ပညာရေးကို အသုံးချပြီးတော့ တစ်ဖက်သတ် နိုင်ငံရေးအမြင်၊ စီးပွားရေးဝါဒနဲ့ လူမျိုးရေးမုန်းတီးမှုများကို မသင်ကြားသင့်ပါဘူး၊ သင်ရိုးညွှန်းတမ်း ကိုလည်း တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်းက ရေးဆွဲပြဋ္ဌာန်းတာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ သင်ရိုးညွှန်းတန်းရေးဆွဲဖို့အတွက် ပညာရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ရပါမယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဟာ ကျောင်းသား၊ ဆရာ၊ မိဘ၊ ရွေးချယ်ခံပုဂ္ဂိုလ် ပညာရှင်တွေ၊ သမဂ္ဂတွေ၊ လူမျိုးစုအဖွဲ့တွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေစတဲ့ နိုင်ငံသားတွေ ကျယ်ကျယ် ပြန့်ပြန့် ပါဝင် ညှိနှိုင်းဆောင်ရွက်ရတဲ့ နေရာ ဖြစ်ရမယ်လို့ ဒေါက်တာသိန်းလွင်က အကြံပြုထားပါတယ်။

ဒေါက်တာသိန်းလွင်ရဲ့ စာတန်းပါ အကြံပြုချက်တွေအရတော့ ဒီမိုကရေစီပညာရေးရဲ့ သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် စံ သတ်မှတ်တာကလည်း အရေးကြီးတယ်ဆိုတာကို တွေ့ရပါတယ်။ သင်ရိုးညွှန်းတန်းစံကို သတ်မှတ်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရ (သို့မဟုတ်) နိုင်ငံအစိုးရရဲ့ ပညာရေးတာဝန်ရှိသူတွေကနေ ပြီးတော့မှ တစ်နိုင်ငံလုံး လိုက်နာသင့်တဲ့ အနိမ့်ဆုံးစံ သတ်မှတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးစံ ဆိုတာက ပြည်နယ်အားလုံးနဲ့ ကိုက်ညီနိုင်မယ့်၊ လိုက်လျောညီထွေရှိနိုင်မယ့်၊ နိုင်ငံတကာစံနှုန်းတွေနဲ့ လူသားဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ပြည်နယ်ပညာရေး တာဝန်ရှိသူတွေက အဲဒီအနိမ့်ဆုံးစံတွေကို အခြေခံပြီး အဲဒီပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သဘာ၀၀န်းကျင်တွေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် သင်ရိုးညွှန်းတန်း လမ်းညွှန်ချက်ဘောင်ကို ဖြည့်စွက် ချမှတ်နိုင်ပါတယ်။ အဲဒီ သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက်ကို အခြေခံပြီးတော့မှ ဒေသဆိုင်ရာ ပညာရေးတာဝန်ရှိသူတွေနဲ့ ကျောင်းဆရာတွေက သင်ရိုးညွှန်းတမ်းအသေးစိပ်ကို လွတ်လွတ်လပ်လပ် ရေးဆွဲရပါမယ်။ အဲဒီလို ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို ပြည်နယ်ပညာရေးဘုတ်အဖွဲ့မှ အတည်ðပပေး သင့်ပါတယ်။ ပြီးတော့ ကျောင်းဆရာ တွေကိုယ်တိုင် သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီမယ့် ဖတ်စာအုပ်တွေကို ရွေးချယ်နိုင်ပါတယ်။ ကျောင်းက တာဝန်ရှိသူတွေနဲ့ ဆရာတွေက အသေးစိတ် သင်ကြားမယ့် အကြောင်းအရာတွေ၊ သင်ကြားနည်းစနစ်တွေကို ရွေးချယ်နိုင်တယ်လို့ ဒေါက်တာသိန်းလွင်ရဲ့ စာတန်းမှာ တွေ့ရပါတယ်။

ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ရည်မှန်းထားတာဖြစ်တဲ့အတွက် တောင်ပေါ်မြေပြန့်မရွေး တန်းတူ ပညာရေးအဆင့်အတန်းကို ရနိုင်အောင်၊ သင်ရိုးတွေကို နားလည် လွယ်နိုင်၊သင်ယူလေ့လာလွယ်နိုင်လောက်တဲ့ အနိမ့်ဆုံးစံအထိ လျော့ချထားဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ ပညာရေးစနစ်ကို နည်းမှီရင်တောင်မှပဲ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လွယ်ကူ ချောမွေ့စေတဲ့ သင်ရိုးတွေဖြစ်တဲ့အထိ အနိမ့်ဆုံးစံအနေနဲ့ သတ်မှတ်သင့်တယ် လို့ ဆိုတာပါ။

ဒါမှပဲ ပြည်နယ်တစ်ခုက ကျောင်းသားတစ်ယောက်က တခြားပြည်နယ်တစ်ခုကို ပြောင်းရွှေ့ရတဲ့အခါမှာ တခြားကျောင်းတစ်ခုမှာ လွယ်လင့်တကူ ၀င်ရောက် သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်နယ် အသီးသီး ကျောင်းအသီးသီးက ဆရာတွေအချင်းချင်း အချိတ်အဆက် ရှိထားဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံလုံး ဆိုင်ရာ ပညာရေးတွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ ပြုလုပ်ပြီး၊ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးနေကြရမှာ ဖြစ်တယ် လို့ ဒေါက်တာသိန်းလွင်က ကျောင်းပညာရေးထဲမှာ အရေးပါလှတဲ့ သင်ရိုးညွှန်းတန်းကိစ္စကို အကြံပြု ထားတာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်တခုဖြစ်တဲ့ ပညာရေးကဏ္ဍ အဆင့်မီရေးအတွက် သင်ရိုးညွှန်းတန်းရေးဆွဲပြုစုရေးက အရေးပါတယ်ဆိုတာကို ထိုင်းနိုင်ငံအခြေစိုက် ဆရာအတတ်သင် ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ဒီမိုကရေစီပညာရေးစာတမ်းကနေတဆင့် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ မျိုးဆက်သစ်စာသင်သားတွေကို နိုင်ငံသားကောင်းဖြစ်စေဖို့ ကိုယ့်ဒေသ၀န်းကျင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကိုက်ညီတဲ့၊ သင့်တင့်မျှတတဲ့ သင်ရိုးညွှန်းတန်းကောင်းတွေ ရှိဖို့ လိုတယ်ဆိုတာကို ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း
၂၆၊၁၁၊၂၀၀၇။

Sunday, March 16, 2008

မြန်မာ့ပညာရေးနဲ့ Civic Education

ဒီတပတ်မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ပြည်ရေးပြည်ရာ Civic Education သင်ရိုးညွှန်းတန်းဆိုင်ရာ ပညာရေးဆောင်းပါးကို အပြီးသတ် ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။ ကျောင်းပညာရေး ရဲ့ အထက်တန်းအဆင့်မှာ နိုင်ငံရေး အုပ်ချုပ်ရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ထည့်သွင်း သင်ကြားပေးသင့်တယ်ဆိုတဲ့ ဦးသန့်ရဲ့ အယူအဆကို ပြီးခဲ့တဲ့အပတ်တွေမှာတုန်းက တင်ပြဆွေးနွေးခဲ့ပါတယ်။

ဦးသန့်က အထက်တန်းအဆင့်ကျောင်းသားတွေဟာ အသက်၁၅နှစ်ကျော်ပြီးဖြစ်တာမို့ ကျောင်းပညာရေးထဲမှာ နိုင်ငံရေးကိုထည့်ပြီး သင်ကြားပေးရတော့မယ်လို့ အကြံပြု ထားပါတယ်။ အဲလိုသင်ကြားပေးရာမှာလည်း ဘုရင်စနစ်၊ ကိုလိုနီစနစ်၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ်တွေအထိ မျိုးစုံအောင် သင်ပေးရ ပါမယ်။ ဒါမှပဲ လူငယ်တွေဟာ သူတို့နှစ်သက်ရာ စနစ်တခုကို စဉ်းစားရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲသလို ရွေးချယ်ခွင့်လည်းရှိရမယ်လို့ ဆိုပါတယ်။

ဦးသန့်ရဲ့ အယူအဆအရတော့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကိုပဲ သင်သင်၊ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကိုတော့ ချိန်ထိုးနှိုင်းယှဉ်ပေးရမှာဖြစ်ပါတယ်။ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ အုပ်ချုပ်ရေးရယ်လို့ မရှိနိုင်သေးပေမဲ့ အကောင်း ရှုထောင့် ပိုများတယ်လို့ ဆိုနိုင်ပြီး၊ ကမ္ဘာ့နိုင်ငံအများစုမှာ လက်ခံအသုံးပြုနေတဲ့ ဒီမိုကရေစီစနစ်ကိုတောင်မှပဲ အကျိုးနဲ့ အပြစ် ကို ချိန်ထိုး ပြောပြပေးရမှာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာသာ ရှိနေသေးတဲ့ ၁၉၄၀ကျော်ကာလဟာ ကမ္ဘာမှာတော့ ဒီမိုကရေစီစနစ် အတန်သင့် ထွန်းကားနေပါပြီ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုး၊ အားသာချက် အားနည်းချက် တွေကိုလည်း မြင်တွေ့ သုံးသပ်နိုင်နေကြပြီဖြစ်ပါတယ်။ ဦးသန့်ကတော့ သူ့ရဲ့ ဆောင်းပါးထဲမှာ ဥပမာပေးတဲ့ သင်ခန်းစာအဖြစ် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဆွေးနွေး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ကျောင်းသား လူငယ်တွေ အနေနဲ့ သေသေချာချာ စဉ်းစား သုံးသပ်ရမယ့် နိုင်ငံ့အရေးအရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဦးသန့်ရဲ့ တင်ပြထားချက်ထဲက ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ပြောပြပါ့မယ်။

ဒီမိုကရေစီစနစ်ရဲ့ အားသာချက် ကောင်းကျိုးတွေကတော့ အုပ်ချုပ်တဲ့အစိုးရဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့သူတွေသာ ဖြစ်တဲ့အတွက် ပြည်သူ့အလိုကျ သာ အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ အုပ်ချုပ်သူကိုယ်စားလှယ်တွေက အမြဲ တိုက်ရိုက်ထိတွေ့ ဆက်သွယ်နေရတာဖြစ်တဲ့အတွက် နိုင်ငံအတွင်း မကျေနပ်မှု ပုန်ကန်မှု တွေလည်း ဖြစ်နိုင်ချေနည်းပါတယ်။ အဓိကကတော့ ပြည်သူကျေနပ်မှပဲ သူတို့ရဲ့ အုပ်ချုပ်ရေးက အောင်မြင်မယ်ဆိုတာပါပဲ။

ဒီမိုကရေစီစနစ်မှာဆိုရင် တရားဥပဒေကလည်း ပြည်သူလူထုက ကျေနပ်လက်ခံပြီး စနစ်တကျ ရေးဆွဲထားတဲ့ တရားဥပဒေဖြစ်ပါတယ်။ ဒါမှပဲ ပြည်သူလူထုဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို တရားသဖြင့် ကာကွယ် စောင့်ရှောက်ခွင့်ရကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပြည်သူလူထုကိုယ်တိုင် နိုင်ငံရေးကို ကိုယ်ထိ လက်ရောက် ပါဝင်ဆောင်ရွက်နိုင်တာကြောင့် နိုင်ငံရေးအသိအမြင်နဲ့ ဝေဖန်သုံးသပ်နိုင်တဲ့ ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။

ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ နောက်ထပ်အားသာချက်ကတော့ ပြည်သူလူထု အနေနဲ့ လူတိုင်းလူတိုင်း တန်းတူအခွင့်အရေး ရနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီ ကောင်းကျိုးတွေဟာ နိုင်ငံသားတွေ ကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုပေးနိုင်တာမို့ နိုင်ငံအေးချမ်းသာယာရေးကို ဖော်ဆောင်နိုင်တဲ့ အချက်အလက်တွေပါပဲ။

ဒီမိုကရေစီစနစ်မှာ အားနည်းချက်တွေရှိတာကိုလည်း ဦးသန့်က ထောက်ပြ ဆွေးနွေး ထားတာတွေ့ရပါတယ်။ အဓိကကတော့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ် တင်မြှောက်ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ နောက်တခုကတော့ ဒီမိုကရေစီစနစ်ဟာ ပါတီ ပုံသဏ္ဍန်အမျိုးမျိုး ရှိလာ နိုင်တဲ့အတွက် နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ အဲဒီအပြင် အစိုးရဟာလည်း သက်တမ်းမရှည်တာမို့လို့ နိုင်ငံအရေးကိစ္စတွေကို တဆက်တစပ်တည်း ဆောင်ရွက်ရ တာမျိုး မဟုတ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးကြန့်ကြာမှု ဖြစ်စေနိုင်ပါတယ်။ နောက်တချက်ကတော့ ရွေးကောက်ပွဲ အတွက် ငွေအမြောက်အများ သုံးကြတာမို့လို့ နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေလို့ ဦးသန့်က ပြောခဲ့ပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ဘာဟော့ဖ်(Berghof)သုတေသနဌာနက ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ဒေးဗစ်ဘလွန်းဖီး (Dr.David Bloomfield) ကတော့ "ဒီမိုကရေစီစနစ်ဟာ ခေတ်အဆက်ဆက် ရှာဖွေ ကျင့်သုံးခဲ့ကြတဲ့ နိုင်ငံရေးစနစ်ဆိုးတွေထဲမှာတော့ အသက်သာဆုံးစနစ်တခုဖြစ်တယ်"လို့ သူ့ရဲ့ ရင်ကြားစေ့ရေး (Reconciliation) ဆိုင်ရာ စာတန်းတစ်စောင်ထဲမှာ ဆိုထားပါတယ်။ ဒါကြောင့်ပဲ လောလောဆယ် ခု ၂၀၀၇ခုနှစ်ထိလည်း ကမ္ဘာ့နိုင်ငံ အများစုဟာ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ ဒီမိုကရေစီစနစ်ကို အသုံးပြုနေကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မျက်မှောက်အနေအထားနဲ့ ဝေဖန်သုံးသပ်ကြည့်မယ် ဆိုရင်လည်း အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ ရုန်းထွက်တတ်ဖို့အတွက် တော့ ဒီမိုကရေစီစနစ်ဟာ လေ့လာသင်ယူသင့်တဲ့၊ ဝေဖန်သုံးသပ်ပြီး ကျင့်သုံးသင့်တဲ့ နိုင်ငံရေးစနစ်တရပ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တယား ကောင်းမွန်မှုဟာ အုပ်ချုပ်သူတွေရဲ့ အရည်အသွေးပေါ်မူတည်သလို နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိဉာဏ်ပညာ ကြွယ်ဝ ဖွံ့ဖြိုးမှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေကို နိုင်ငံရေးအသိပညာပေးဖို့အတွက် စာသင်ခန်းတွေကနေ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ Civic Education ဟာ ကိုယ့်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်တဲ့ သင်ခန်းစာတွေဖြစ်ဖို့လိုတာမို့၊ Civic Education ထဲမှာ ဘာသာရေးသင်ခန်းစာတွေကိုပါ ထည့်သွင်း သင်ကြားသင့်တယ် လို့လည်း ဦးသန့်က ပြောထားပါတယ်။ လက်လှမ်းမီသမျှ ဘာသာရေးတွေကို ကျောင်းသားတိုင်း မဖြစ်မနေ သင်ယူကြရတဲ့အတွက်၊ စိတ်နှလုံး နူးညံ့သိမ်မွေ့ရေးနဲ့ ကိုယ်ချင်းစာစိတ်ကို အားပေးစေနိုင်ပြီး ဘာသာရေးတိုင်းကို လေးစား တတ်သွားစေမှာ ဖြစ်ပါတယ်။ ဒါဟာလည်း စာသင်သားတွေကို ပဋိပက္ခစိတ်တွေ လျော့နည်းစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးသန့်ရဲ့ ပြည်ရေးပြည်ရာဘာသာရပ်အဖြစ် လမ်းညွှန်ထားတဲ့ သင်ခန်းစာတွေဟာ တချိန်မှာ နိုင်ငံကို ဦးဆောင်ကြရမယ့် လူငယ်စာသင်သားတွေအတွက် တကယ် လိုအပ်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ၁၉၄၀နှစ်များရဲ့ အစောပိုင်းကာလတွေကတည်းက ဦးသန့်တင်ပြခဲ့တဲ့ အကြံပေးချက်တွေဟာ ခု နှစ်ပေါင်း၆၀ကျော်ခဲ့တဲ့အထိ မြန်မာပြည်မှာ အကောင်အထည်ဖော်ခွင့် မရကြသေးတာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒါဟာလည်း အာဏာရှင်စနစ်ကြီးစိုးမှုကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ တရားမျှတပြီး တော်မှန်တဲ့၊ ယဉ်ကျေးတဲ့ အစိုးရကို ရရေး အတွက် ကျောင်းစာသင်ခန်းမှာ Civic Education ဘာသာရပ်ကို စနစ်တကျ သင်ကြားခွင့်ရရေးဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ် ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ အကြံပြုဆောင်းပါးကတဆင့် ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း (၂၀၊၁၁၊၀၇)

Saturday, March 8, 2008

ပညာရေးနဲ့ နိုင်ငံရေး

ဒီတပတ်မှာတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ အခြေခံပညာအတွက် အကြံပြုထားတဲ့ သင်ရိုးတွေထဲက ဆယ်ကျော်သက်အရွယ် လူငယ်တွေအတွက် တိုင်းပြည်ရဲ့ အရေးအရာ အနေနဲ့ သိထားသင့်တဲ့ ဘာသာရပ်တွေကို ဆွေးနွေးချင်ပါတယ်။

အထက်တန်းကျောင်းသားအရွယ်ဟာ အသက်၁၃နှစ်ကျော်ပြီးအရွယ်မို့ လောက၀န်းကျင်ဆိုင်ရာ အရေးအရာ တွေကို သင်ယူနားလည်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်း အဆင့်မှာတော့ Civic Education ကို အဆင့်မြှင့်ပြီး သင်ကြားပေးရတော့မှာပါ။ ဒါကြောင့် ရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ခေတ်အလိုက် ပြည်သူပြည်သားတွေရဲ့ တာဝန်တွေကို ပြောပြပေးဖို့ လိုပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကို သမိုင်းနဲ့ချီပြီး ရှင်းလင်း ပြောပြရပါမယ်။ ဥပမာ- ခုလိုအချိန်မှာဆိုရင် ဒီမိုကရေစီစနစ်ရဲ့ သမိုင်းကြောင်းနဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို စနစ်တကျ ပြောပြရမှာဖြစ်ပါတယ်။ အဲလိုပဲ တပါတည်းမှာ ပြည်သူလူထုရဲ့ ၀တ္တရားတွေနဲ့ အခွင့်အရေးတွေကိုပါ အကျယ်တ၀ံ့ ရှင်းလင်း သင်ကြား ပေးရ ပါမယ်။ ပြီးတော့ အခုအချိန်မှာဆိုရင်တော့ ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ အဂါင်္ရပ်တွေနဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ သဘောသဘာဝတွေကို ထည့်သင်ပေးဖို့ လိုပါတယ်။

အထက်တန်းအဆင့်ပညာရေးဟာ နိုင်ငံတခုကို တည်ထောင်ဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့တွေအတွက် တကယ့်ကို အသုံးဝင်တဲ့ ခေါင်းဆောင်လောင်းတွေကို သေချာ ပျိုးထောင်ရတော့မယ့် အရေးကြီးတဲ့ အဆင့်တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းကျောင်းသားများဟာ နိုင်ငံအုပ်ချုပ်ပုံကအစ အရေးပါတဲ့ ကဏ္ဍတွေကို သေသေချာချာသိဖို့ လိုနေပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းအဆင့် Civic Education သင်ရိုးထဲမှာဆိုရင် နိုင်ငံတော်၏ တာဝန်ဝတ္တရားများ ဆိုပြီးတော့ နိုင်ငံအစိုးရတွေက ပြည်သူလူထု အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမယ့် အရေးအရာတွေကို ထည့်ပေးရပါမယ်။ အဲသလိုပဲ ပြည်သူလူထုရော အစိုးရတွေပါ တန်းတူလိုက်နာရမယ့် အုပ်ချုပ်ရေးဥပဒေတွေကိုလည်း သင်ရိုးထဲမှာ ထည့်ပေးဖို့ လိုပါတယ်။ ဒါမှပဲ အစိုးရရော ပြည်သူလူထုဟာ Good citizen တွေ ဖြစ်လာမှာပါ။

အဲသလိုပဲ အထက်တန်းကျောင်းသားတွေအနေနဲ့ နောက်ထပ် သင်ယူသင့်တဲ့ သင်ခန်းစာတွေကတော့ အုပ်ချုပ်သူ အစိုးရတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ အစိုးရဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ကနေစပြီး ဒီမိုကရေစီအစိုးရနဲ့ အာဏာရှင်အစိုးရ ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စားရှိတာကို သင်ကြားပေးရ ပါမယ်။ တဆက်တည်းပဲ ဒီမိုကရေစီစနစ်ရဲ့ အုပ်ချုပ်ပုံနဲ့ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ပုံ တွေကိုလည်း ကမ္ဘာတ၀ှမ်းက အဖြစ်အပျက်တွေ၊ သမိုင်းအချက်အလက်တွေနဲ့ယှဉ်ပြီး စနစ်တကျ သင်ပေးရမှာ ဖြစ်ပါ တယ်။ ဒါမှပဲ ကျောင်းသားတွေကိုယ်တိုင် ချိန်ထိုးနှိုင်းယှဉ်ပြီး သုံးသပ်ရွေးချယ်နိုင်မှာပါ။

အဲဒီသင်ခန်းစာတွေနဲ့ ဆက်စပ်ပြီးတော့ပဲ ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးပိုင်ခွင့်အကြောင်း၊ ဖက်ဒရယ် အစိုးရပုံစံနဲ့ တရားဥပဒေကဏ္ဍကိုလည်း သင်ရိုးထဲမှာ ထည့်ရပါမယ်။ ဒါတွေဟာ လူငယ်တွေအနေနဲ့ မဖြစ်မနေရင်ဆိုင်ရမယ့် နိုင်ငံ့ အရေး အရာတွေကို ရင်းနှီးကျွမ်းဝင်နေအောင် လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ဒါမှလည်း အရွယ်ရောက်လို့ ကိုယ်တိုင် နိုင်ငံအရေးတွေမှာ ၀င်ရောက် ဆောင်ရွက်ရတဲ့အချိန်မှာတော့ အားလုံးကို နားလည်နေပြီးသားဖြစ်တဲ့အတွက် သေသေချာချာ သုံးသပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်အရေးပါတဲ့ သင်ခန်းစာတွေကတော့ ကိုလိုနီစနစ်အကြောင်း၊ နိုင်ငံချဲ့ထွင်ခြင်း အကြောင်းတွေနဲ့ လွတ်လပ်ရေးအကြောင်းတွေပဲဖြစ်ပါတယ်။ လွတ်လပ်ရေးမှာတောင်မှပဲ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ့လွတ်လပ်ရေး(Civil Liberty)၊ ပြီးတော့ လွတ်လပ်စွာမဲပေးခွင့်၊ တန်းတူ ရာထူးထမ်းဆောင်ခွင့်တွေလို နိုင်ငံရေးအရလွတ်လပ်ရေး(Political Liberty) နဲ့ သူတပါး လက်အောက်ခံမဟုတ်တဲ့ အမျိုးသား လွတ်လပ်ရေး (National Liberty) လို့ ရှိတာတွေကို ကျောင်းသားတွေအနေနဲ့ အသေးစိတ်သိထားဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ့်နိုင်ငံမှာ လုံးဝပြည့်စုံတဲ့ လွတ်လပ်ရေးမျိုး ရနေရဲ့လား၊ မရနေဘူးလားဆိုတာကိုပါ စာသင်သား လူငယ်တွေ တရားနည်းလမ်းကျကျ သိမြင်တတ်လာမှာ ဖြစ်ပါတယ်၊

အခုပြောပြသွားတဲ့ သင်ရိုးတွေကို မြန်မာနိုင်ငံပညာရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်က အကြံပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီသင်ရိုးတွေဟာ ဒီမိုကရေစီပညာရေး တည်ဆောက် နေပြီလို့ အာဏာပိုင်တွေက ကြေညာနေတဲ့ ခုလို အချိန်ထိတောင် တပိုင်းတစလောက်တောင် သင်ယူခွင့် မရသေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ စကော့တလန်က ကျောင်းသား တွေရဲ့ အခွင့်အရေးကို ထည့်ပြောပြချင်ပါတယ်။ ဒါကလည်း ပြည်ပအခြေစိုက် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ပြီးခဲ့တဲ့ အောက်တိုတာလတွင်း ပညာရေးခရီးစဉ်တုန်းက အတွေ့အကြုံ ဖြစ်ပါတယ်။

စကော့တလန်က ကျောင်းတွေမှာ မူလတန်းကလေးတွေကို ‘ကြီးလာရင် ဘာဖြစ်ချင် သလဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးစေပါတယ်။ အဲဒီအခါမှာ အသက်၉နှစ်အရွယ် ကျောင်းသူကလေးတစ်ယောက်က ပါလီမန် အမတ် ဖြစ်ချင်တယ်လို့ ရေးခဲ့ပါတယ်။ ဖြစ်ချင်ရတဲ့ အကြောင်းကတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်လို့လို့ ဆိုပါတယ်။ နောက်တော့ အဲဒီ ကျောင်းသူကလေးကို ကျောင်းအုပ်ဆရာကြီးက ပါလီမန်ထဲကို လေ့လာသူ အနေနဲ့ ခေါ်သွားပြီး ပါလီမန်အမတ်တွေနဲ့ တွေ့ခွင့် စကားပြောခွင့် ပေးခဲ့ပါတယ်။ ကျောင်းသူလေးကိုယ်တိုင် ကလည်း ပါလီမန်ထဲက အမတ်တွေရဲ့ရှေ့၊ စင်မြင့်ပေါ် မှာ သူ့အနေနဲ့ ပါလီမန်အမတ် ဖြစ်ချင်ရတဲ့အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ အဲသလိုပဲ တရားသူကြီးဖြစ်ချင်သူကို တရားခွင်ထဲ၊ ဂီတမှူးဖြစ်ချင်သူကို ဂီတကျောင်း ထဲ ခေါ်သွားပြီး လေ့လာခွင့်ပေးတဲ့ အစီအစဉ်မျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အမြင်ကျယ်ပြီး အတွေးအခေါ် ဥာဏ်ရည်အရာမှာ သိပ်ကောင်းကြတယ်လို့ ဒေါက်တာသိန်းလွင်က သူကိုယ်တိုင်တွေ့ခဲ့တဲ့ အတွေ့အကြုံကို ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် မူလတန်းကျောင်းတကျောင်းမှာတော့ ဒေါက်တာသိန်းလွင် ရောက်သွားချိန်မှာ ကျောင်းသား ကလေးငယ်များက ရွှေဝါရောင်နဲ့ အနီရောင် ပိုးဖဲတံဆိပ်လေးတွေနဲ့ ကြိုဆိုခဲ့ပါတယ်။ အဲဒီဖဲပြားလေးတွေကို ဘယ်သူကမှ မခိုင်းစေဘဲ၊ မလှုံ့ဆော်ပါဘဲနဲ့ ကလေးတွေကိုယ်တိုင်က လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်တဲ့ သံဃာတော်များနဲ့ ပြည်သူလူထုအပေါ် အာဏာပိုင်တွေက သတ်ဖြတ်ခဲ့ တာကို သတင်းတွေမှာ မြင်ရကြားရတဲ့အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ လုပ်ခဲ့တာလို့ ကလေးတွေက ပြောပြခဲ့ပါတယ်။ ကလေးတွေဟာ မူလတန်းအဆင့်လေးမှာတောင်မှပဲ အံ့သြစရာကောင်း လောက်အောင် ဗဟုသုတရှိပြီး ကိုယ်ချင်းစာတတ်တဲ့ စိတ်မျိုးလည်းရှိနေကြတယ်လို့ ဒေါက်တာသိန်းလွင်ကပဲ ပြောပြခဲ့ပါတယ်။

ဒါတွေဟာ ခေတ်မီတိုးတက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ ပညာရေးစနစ်ကို ခံစားခွင့်ရတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် အလှမ်းဝေးနေတဲ့ တိုင်းပြည်အရေးကိစ္စတွေဟာ တကယ်တော့ ကျောင်းသားတွေအတွက်၊ ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ရေးအတွက် အရေးပါလှတဲ့ ဗဟုသုတ သင်ခန်းစာတွေပါပဲ။ အထူးသဖြင့် လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံမှာ အဲလို သင်ခန်းစာမျိုးတွေကို ကျောင်း ပညာရေးထဲမှာ အမြန်ဆုံးသင်ယူခွင့် သင်ကြားခွင့်ရဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

မေငြိမ်း
၅ နိုဝင်ဘာ ၂၀၀၇။

Wednesday, March 5, 2008

မြန်မာ့ပညာရေးနဲ့ Hidden Curriculum

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးချက်တွေကို သုံးပတ်ဆက်တိုက် ဆွေးနွေးတင်ပြခဲ့တာမှာ ပြီးခဲ့တဲ့ တပတ်ကတော့ မူလတန်းအဆင့် ပညာရေးထဲမှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေ သင်ခန်းစာတွေအကြောင်း ပြောခဲ့ပါတယ်။ ဒီတပတ်တော့ အလယ်တန်းအဆင့်မှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေအကြောင်းကို ဆက်ပြီး ဆွေးနွေးတင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ ကျောင်းသားအများစုဟာ ကျောင်းချိန်အပြီးမှာ ကျူရှင် တက်ရတာ၊ အချိန်ပို တက်ရတာတွေနဲ့ စာကုန်းကျက်ရတာနဲ့ တနေ့တာကို ကုန်ဆုံးနေကြရပါတယ်။ တခါတလေ စနေတနင်္ဂနွေ မှာတောင် မနားကြရဘဲ ကျူရှင်တက် နေကြရတာမျိုးတွေတောင် ရှိပါတယ်။ အဲသလောက် အချိန်တွေ အများကြီးပေးပြီး သင်နေရပေမဲ့ ကလေးတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ သင်ကြားနည်းမျိုး မဟုတ်တာမို့ အကျိုးမရှိလှပါဘူး။ ဒီနေရာမှာ ပြဿနာက လက်တွေ့ဘ၀ထဲမှာ အသုံးဝင်တဲ့ လိုအပ်တဲ့ သင်ခန်းစာတွေ ပါဝင်မှု နည်းတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ အခြေခံပညာရေးမှာ အလယ်တန်းဆိုတာက ၅တန်းကနေ စပါတယ်။ အလယ်တန်း တက်တဲ့ ကျေင်းသားဟာ သတ်မှတ်ချက်အရဆိုရင် အနည်းဆုံး အသက် ၁၀နှစ် ကျော်ပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် မူလတန်းမှာကတည်းက အခြေတည် ခဲ့ပြီးသားဖြစ်တဲ့ တကိုယ်ရည်သန့်ရှင်းရေးတို့ ယဉ်ကျေးလိမ္မာဖို့ဆိုတာတွေ ကို ပိုပြီး အခြေခိုင်အောင် ထိန်းသိမ်းပေးဖို့ပဲ လိုပါတော့တယ်။ ဒါပေမဲ့ အသက်အရွယ်အရ လူမှုရေးဆိုင်ရာ ဗဟုသုတတွေကိုတော့ ပိုသိဖို့ လိုအပ်လာတာမို့ လူမှုဝန်းကျင်နဲ့ ဆက်ဆံရေးပုံစံတွေ၊ ကိုယ်နဲ့ နီးစပ်ရာ လူမျိုးစုတွေအကြောင်းနဲ့အတူ ပတ်ဝန်းကျင် ရေမြေသဘာဝ ရာသီဥတုနဲ့ သက်ဆိုင် ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ထည့်သွင်း သင်ကြားပေးရမှာဖြစ်ပါတယ်။

ဦးသန့်ရဲ့ အဆိုအရတော့ အလယ်တန်းအဆင့်မှာ ကျောင်းသားတွေဟာ ပြည်သူ လူထုအနေနဲ့ ကျေပြွန်ဖို့ လိုအပ်တဲ့ တာဝန်ဝတ္တရားတွေကို သိဖို့လိုနေပြီလို့ ဆိုပါတယ်။ ကိုယ့်နိုင်ငံကို ချစ်ခင်စုံမက်ဖို့၊ ပြည်တွင်း ပြည်ပ ရန်တွေကို ခုခံကာကွယ်ဖို့၊ တရား ဥပဒေတွေကို စောင့်သိရိုသေဖို့၊ နိုင်ငံ့အရေးအရာကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက် တတ်ဖို့၊ စာပေအတတ်ပညာ တတ်မြောက်ဖို့ ဆိုတာတွေဟာ စာသင်သားတွေ မဖြစ်မနေ သိရမယ့် အကြောင်းအရာတွေပဲဖြစ်တယ်လို့ ဦးသန့်က တင်ပြထားပါတယ်။ အဲဒီ သင်ခန်းစာတွေကို အသေးစိတ် တင်ပြချင်ပါတယ်။

ပြည်သူလူထုတွေအနေနဲ့ ပြည်သူ့တာဝန်ဆိုတာ ရှိသလိုပဲ ရသင့်တဲ့အခွင့်အရေးတွေ ရှိတယ်ဆိုတာကိုလည်း ကျောင်းသားဘ၀မှာကတည်းက သိထားဖို့ လိုပါတယ်။ အဲဒီအခွင့်အရေးတွေကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ မိမိရဲ့ အသက်အန္တရာယ်နဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ တရားဥပဒေနဲ့ မငြိစွန်းပါက လွတ်လပ်စွာ သွားလာ ပြောဆို နေထိုင် ပေါင်းသင်း ဆက်ဆံခွင့်၊ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်၊ ဘာသာရေး လူမှုရေး ပညာရေးဆိုင်ရာ အဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ အစိုးရဆေးရုံများ၌အခမဲ့ ဆေးကုသခွင့်၊ အစိုးရတရပ်အတွက် မဲဆန္ဒပေးပိုင်ခွင့် စတဲ့ ပြည်သူပြည်သားအားလုံး တန်းတူရရမှာဖြစ်တဲ့ အခြေခံအခွင့်အရေးတွေကို ကျောင်းသားအရွယ်ကတည်းက သိနေအောင် သင်ကြား ပေးရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျောင်းသား ဘ၀မှာကတည်းက တရားမျှတမှုဆိုတာကို သိပြီးတော့ သူတို့ ကိုယ်တိုင် တရားမျှတမှု ရှိအောင်၊ နေထိုင်တတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးထဲမှာကတော့ အဲဒီ ပြည်သူလူထုတွေရဲ့ တာဝန်ဝတ္တရားနဲ့ အခွင့်အရေးဆိုတာတွေကို သင်ခန်းစာထဲထည့်မသင်ရုံမက ဗဟုသုတဖတ်စာအနေနဲ့လည်း ဖတ်ခွင့်မရှိပါဘူး။ အဲဒီအပြင် ဆရာဆရာမတွေ ကိုယ်တိုင်ကလည်း သိခွင့် မရခဲ့တာကြောင့်မို့ ကျောင်းသားတွေကို နောက်ကွယ်ကသင်ရိုး Hidden Curriculum အနေနဲ့ သင်ပေးတာမျိုးလည်း မရှိတာ တွေ့ရပါတယ်။ တကယ်တော့ Hidden Curriculum ဆိုတာက ထွေထွေထူးထူး မဟုတ်ပါဘူး။ တရားဝင် သင်ခွင့်မရတဲ့၊ ဒါမှမဟုတ် ဆက်စပ်နှီးနွယ်ပြီး သင်ပေးဖို့ လိုအပ်တဲ့ သင်ခန်းစာတွေပါပဲ။

ဥပမာပြောပြရရင် သမိုင်းဘာသာရပ်ထဲက ပုဂံခေတ်အကြောင်းသင်တဲ့အခါ ကျန်စစ်သားမင်းရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကို ပြောပြရင်း၊ အုပ်ချုပ်သူတွေအနေနဲ့ လူမျိုးစုချင်း ချစ်ကြည်ရေးကို အလေးထားရမယ်၊ တိုင်းရင်းသားအချင်းချင်းကို သွေးကွဲအောင် အုပ်ချုပ်ရင် မင်းကောင်း အစိုးရကောင်း မဟုတ်ဘူးဆိုတာကို ပြောပြလို့ ရပါတယ်။ အဲဒီကနေ တဆက်တည်းပဲ ပြည်သူလူထု အနေနဲ့ အဲလို မင်းဆိုးမျိုးကို ဖြုတ်ချခွင့်ရှိတယ်ဆိုတာမျိုးကိုလည်း ပြောပြနိုင်ပါတယ်။ ဒီနေရာမှာ ပြည်သူအလိုမတူရင် ကောင်းတာ လုပ်တာဆိုပေမဲ့လို့လည်း တိုင်းပြည်ပိုင် ရတနာဖြစ်တဲ့ ဆင်ဖြူတော်ကို လှူမိလို့ ပြည်သူအလိုကျ နယ်နှင်ဒဏ်ခံရတဲ့ ဝေဿန္တရာမင်းအကြောင်းကိုပါ ဥပမာအဖြစ် ထည့်ပြောပြနိုင်ပါသေးတယ်။ ပြီးတော့ အဲဒါကပဲ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝဖြစ်တယ်ဆိုတာကို နှီးနွယ် ပြောပြ သွားနိုင်ပါတယ်။ ဒါဟာ နောက်ကွယ်က သင်ရိုးကို သင်ကြားသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ မသင်ရဘူးလို့ သတ်မှတ်ထားပေမဲ့လည်း ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို Hidden Curriculum အနေနဲ့ အများကြီး ထည့်ပြီး သင်ပေးသွား နိုင်မှာဖြစ်ပါတယ်။

အဲသလိုပဲ ပထ၀ီဝင်ထဲက သစ်တောအမျိုးအစားတွေ၊ တည်နေရာတွေကို သင်ရင်း သစ်တောရဲ့ တန်ဖိုးကြီးမားပုံနဲ့ သစ်တောကို စည်းကမ်းမဲ့ ခုတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့အတူ လက်ရှိ အခြေအနေမှာ သစ်တောတွေပြုန်းလောက်အောင် စည်းမဲ့ကမ်းမဲ့ သစ်ခုတ်နေကြတာကို ပြောပြရပါမယ်။ ဒါဟာ နိုင်ငံပိုင်ပစ္စည်းကို မတရား ခိုးယူဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်တယ်ဆိုတာကို ပြောပြနိုင်ပါတယ်။ သစ်ပင် သစ်တော ထိန်းသိမ်းဖို့ အားပေးတိုက်တွန်းရင်းနဲ့ နိုင်ငံပိုင်ပစ္စည်းကို ခုခံ ကာကွယ် ထိန်းသိမ်းကြရမယ် ဆိုတာ တွေကို နောက်ကွယ်သင်ရိုးအဖြစ်သင်ပေးနိုင်ပါတယ်။

ကမ္ဘာ့သမိုင်းလို ဘာသာရပ်ကို သင်တဲ့အခါမှာလည်း ဂျာမနီနိုင်ငံ ဂျပန်နိုင်ငံတို့ရဲ့ သမိုင်းတွေကို သင်ရင်းကနေ အမျိုးသားရေးဝါဒ (Nationalism) နဲ့ ကမ္ဘာအရေးဝါဒ (Internationalism) ရဲ့ အကျိုးအပြစ်တွေအထိ ရောက်အောင် ပြောပြရပါမယ်။ ခုခေတ်မှာဆိုရင်တော့ ဒီမိုကရေစီစနစ်နဲ့ Globalization အထိကို နားလည်အောင် သိအောင် ပြောပြရမှာဖြစ်ပါတယ်။ အဲသလိုနဲ့ပဲ ကမ္ဘာ့သမိုင်းသင်ခန်းစာတွေထဲကနေ လည်း နိုင်ငံတွေရဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေကို သင်ခန်းစာယူစရာ၊ အတုယူစရာတွေအဖြစ် အများကြီး ပြောပြသွားနိုင်ပါတယ်။

ခုချိန်မှာ မြန်မာနိုင်ငံဟာ အာဏာရှင်နိုင်ငံဖြစ်တာမို့ ပညာရေး လွတ်လပ်ခွင့် နဲ့အတူ နှီးနွယ်ဆက်စပ်နေတဲ့ သတင်းလွတ်လပ်ခွင့်တွေ လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုခွင့်တွေကို ဆုံးရှုံးနေကြရပါတယ်။ ဒါပေမဲ့ အနာဂတ်ရဲ့ ခေါင်းဆောင် လောင်းတွေကို မွေးထုတ်ရမယ့် ဆရာဆရာမတွေကတော့ အစိုးရက ပိတ်ဆို့ထားပေမဲ့ လည်း ကျောင်းသားတွေကို အသိအမြင်အလင်းပွင့်အောင် သင်ပေးကြရဖို့အတွက် တာဝန်ရှိပါတယ်။ အဲဒီအတွက် ဦးသန့်ရဲ့ သင်ရိုးတွေကို နောက်ကွယ် သင်ရိုးအဖြစ် သင်ပေးနိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။

(၂၉၊၁၀၊၀၇။)

For Women

Miriam College – Prospect Burma Scholarships for Myanmar Citizens

In 2008 there will be two to four funded places for Myanmar women to study bachelors’ degrees at Miriam College in Manila in the Philippines. Applicants can choose to study on any one of the following subjects

BSc in Environmental Planning and Management or

BSc in Social Work

BA Communication Arts

BA International Studies (International Politics Stream)

BA International Studies (International Development Stream)

BA Psychology

BSc Psychology

BSc Child Development and Education

Miriam College, established in 1926, is a premier Filipino Catholic educational institution for students committed to the values of truth, justice, peace, environmental sustainability and gender equality. A holistic and technologically enhanced curriculum is offered at all levels. Miriam College accepts only female students at the undergraduate level. The academic programs develop both the learning and caring competencies of students as they are prepared to be leaders in whatever endeavor they want to pursue. Miriam College’s programs are enriched by a wide range of national, regional and international linkages developed through academic courses and special centers.

Eligibility Requirements

  1. Applicants must be female.

  1. Applicants must have passed one of the following:

At least two years of a university degree from Myanmar

or

An international high school certificate such as IGCSE or GED

or

An international college admissions exam such as SAT

  1. Applicants must have strong oral and written English language skills If you have completed an English language test (such as TOEFL, IELTS), attach the certificate to your application. If you have not completed one of these exams your English will be tested as part of the selection process.

  1. Applicants must have a minimum of two years’ experience working for peace or human development.

  1. Applicants must be committed to return to their place of origin upon completion of their studies at Miriam College to continue their work for peace and development.

Application Process

Applicants must complete the attached form and either post or email it with necessary documents to:

miriammyanmar@gmail.com or

PO Box 8, Mae Ping Post Office, Chiang Mai, 50301, Thailand

The application deadline is May 15th 2008. Late applications will not be considered.

Applicants must submit the following documents with their application form

  1. All previous academic transcripts. If these are not available, a letter should be attached explaining why not.
  2. A copy of your passport if available.
  3. Two reference letters which explain in detail why you are a suitable applicant for this program.
  4. Other relevant documentation related to your work experience.

Important Information for applicants

  1. No support is available under this program for dependants.
  2. The scholarship will cover only one round trip ticket from Myanmar to Manila. No support will be available for students to return to Myanmar in the middle of their degree programs.
  3. The scholarship will also include a basic monthly allowance for food and accommodation.
  4. Students supported by this program will be expected to meet Miriam College requirements, which include studying on a full time basis, doing regular volunteer work and maintaining a minimum GPA of 3.
  5. Successful applicants will be required to sign a grant letter and to observe the conditions of the award. If a student fails to observe the conditions, they will be liable to repay the money.

Time Frame

All eligible applications received by the deadline of May 15th will be considered by two committees of academics and development workers. All information in the application will be kept confidential. Short-listed applicants will be contacted by phone or email by the 1st of June for language testing. The results will be announced by the 30th of June. Visa processing will take place in Myanmar and Manila throughout July, August and September. Successful applicants will be expected to travel to the Philippines at the end of September to start the academic program at the beginning of October.

More information about Miriam College is available at www.mc.edu.ph

For more information about the scholarship program contact sss@burmaed.org


Please PRINT your email address CLEARLY

Tell us immediately if it changes


Name:

University: Miriam College

Your Email:

PROSPECT BURMA/Miriam College

Scholarship Application form 2008

¨ Please answer ALL questions fully in English in black ink

¨ Completed forms must be mailed or emailed by 15th May 2008

¨ PLEASE READ THE GUIDANCE NOTES CAREFULLY

¨ DELETED We do not acknowledge receipt of applications, not do we send rejection notices (AS Thabyay will do this for Miriam applications)

SUMMARY OF YOUR APPLICATION

Name:

Date of Birth:

Male/Female:

Ethnic Origin:

Level of Degree studying for:

October 2008

Subject:

Course ends (month/year):

May 2012

Funding requested (state amount and currency):

165,700 Pesos

FOR OFFICE USE ONLY. Do NOT write anything below

Registered:

New Student: Yes/No

Previous study report received:

Course enrolment confirmed:

Offer of Place:

References: Sent for Received Checked

Scholarship C’tee decision: Applicant shortlisted : Yes/No

Final decision: Reject Accept Amount granted:

Successful applicant notified:

Grant letter issued: Returned signed:

Funds transferred on:

Receipt acknowledged:

Notes:

1. YOUR PERSONAL DETAILS

Full Name:

Aliases (if any):

Ethnic origin:

Date of Birth

Place of Birth

Male/Female

Married/Single

No. of Children

Mailing Address:

City:

Post Code:

Country:

Telephone:

(country code & number)

Fax:

E-Mail:

Details of passport or other travel document:

Number:

Issuing Authority:

Place & Date of issue:











2. PARENTS

If either or both parents are retired or deceased, please give their previous occupation

Father:

Name

Occupation:

Country of residence:

Mother:

Name

Occupation:

Country of residence:

3. STUDENT STATUS:

Delete one of the following:

a) I have been accepted for the following university/college: Miriam College

b) I am continuing my studies at the following university/college:

Name of university /college:

Miriam College

Address of your university/college: Katipunan Rd., Loyola Heights, Quezon City

Post Code: 1101

Country: Philippines

Telephone:

+632 435 9240

Email:

Ipo@mc.edu.ph


Name:

Are you currently enrolled in a first degree (undergraduate) course?

YES/NO

If YES, attach documentation confirming that you are registered as a student and include a transcript of your most recent year of study.

Are you currently enrolled on a postgraduate degree course?

YES/NO

If YES, attach documentation confirming that you are registered as a student.

Do you have a confirmed offer of a place on a postgraduate degree course?

YES/NO

If YES, attach a copy of the offer.

If you cannot attach all the required documents when sending the application, please explain the reasons in a letter, and send them as soon as you can.

Applications without all necessary supporting documents will be rejected.

You may attach further documents if you think they will help your application.

4. DETAILS OF YOUR COURSE:

Title:

Is the course? FULL TIME PART TIME CORRESPONDENCE

(Please delete as appropriate)

Starting Date: (Month/Year)

October 2008

Expected finishing/graduating date: (Month/Year)

May 2012

What is your main subject of study?

What is the title of your thesis? (If appropriate)

What qualification do you hope to receive from this course, eg BA, BSc? MA etc

2008

Name:

5. PREVIOUS EDUCATION

a. Name & location of Secondary School attended:

b. Subjects studied:

Examinations passed with dates:

c. Details of College/University attendance:

Examinations passed with dates:

d. Details of any formal English language tuition/examinations passed:

6. REFERENCES

Names and addresses of people who can comment on your academic ability (one of these must be your current or most recent academic supervisor):

First Referee

Second Referee

Name:

Name:

Address:

Address:

Telephone:

Telephone:

Fax:

Fax:

Email:

Email:

Attach at least one written academic reference.

If you fail to give the names of ACADEMIC referees, it will delay consideration of your application.

Names of friends, other students or relations ARE NOT ACCEPTABLE.

2008

Name:

7. FINANCIAL QUESTIONS

a. EXPENDITURE: How much are your annual academic fees & living expenses? Make clear the currency used (US Dollars, Pounds sterling, Thai baht, Indian rupees etc)

Currency

Philippine Pesos

Tuition Fees per year

55,000

Registration fees

8,000

Books & other materials

9,000

Other academic fees

9,000

Accommodation (9 months)

34,000

Food (9 months)

45,000

Local Travel

3,000

Other expenses Other living expenses, communication, airfare, and visa

30,200

TOTAL EXPENDITURE

193,200

b. INCOME: Sources of Financial Support for the academic year. Please indicate whether the amounts are assured, or if you have made an application:

Include applications to the Open Society Institute (OSI) or other funders.

Details

Applied for? Or Certain?

Amount

Own Funds

Parents/relatives/other individuals

Other scholarships/ grants/ fee waiver

Miriam College fee waiver

Certain

27,500

Part time work

Other

TOTAL INCOME

NET FUNDING REQUIRED (total expenditure minus total income) …………… Pesos

FAILURE TO DISCLOSE ALL OTHER FINANCIAL SUPPORT, GIVEN NOW OR AT A LATER DATE, WILL RESULT IN DISQUALIFICATION

2008


Name:

c. Details of your bank account:

Name of Bank and branch address:

SWIFT code:*

Name in which account is held:

Account number:

Bank clearing code (if any)*:




We prefer that you have your own account, but if you use a friend’s account, be sure they agree.

*Ask your bank for the codes needed for bank transfers

Prospect Burma only offers partial awards; how will you cover the rest of your expenses?

8. BIOGRAPHY

Give details of your connection with, and dates of residence in Burma and in your present country of residence. Tell us also of your reasons for choosing your course of study. Continue on a separate sheet of paper if necessary.




2008


Name:


9. FUTURE PLANS (This section is very important)

We will give preference to candidates studying subjects relevant to the development of Burma. Please use this space to tell us in your own words about your future plans, and how you will benefit Burma. Continue on a separate sheet of paper if necessary and sign it.

This section must be your own composition and handwritten

If we receive an identical answer from another applicant, both will be disqualified.

Text Box:

If you are awarded a scholarship, we will ask you to sign an undertaking that that you firmly intend to return to Burma when feasible to help your country’s development.

If we have already awarded you a grant, we will not consider another application unless we have received a report from you.

2008


- Miriam College Extension -

1. Work History

Please include any part time or voluntary work that you have done.

Dates of Employment

Name of Employer

Type of Work

Salary

2. Additional Personal Information

1. What are the three characteristics/qualities others value in you as a person?

______________________________________________________________

______________________________________________________________

______________________________________________________________

______________________________________________________________

2. How do you assess yourself as a student?

______________________________________________________________

______________________________________________________________

______________________________________________________________

______________________________________________________________

3. How do you assess yourself as a person?

______________________________________________________________

______________________________________________________________

______________________________________________________________

______________________________________________________________

4. What do you consider as your most outstanding achievement?

______________________________________________________________

______________________________________________________________

______________________________________________________________

______________________________________________________________

5. What characteristics/qualities do you value in person/s you admire?

______________________________________________________________

______________________________________________________________

______________________________________________________________

______________________________________________________________

6. What are your expectations about college life?

______________________________________________________________

______________________________________________________________

______________________________________________________________

______________________________________________________________

  1. Essay. Applicants must have a minimum of two years experience working for peace or human development. Describe what you have done to further peace and human development in your country. This section must be your own composition.

















4. Community REFERENCES

Attach two recommendation letters from people who can comment on your community work experience. Include their details below. At least one reference should be from a community leader who has experience with your work. Referees must not be members of your immediate family.

First Referee

Second Referee

Name:

Name:

Address:

Address:

Telephone:

Telephone:

Fax:

Fax:

Email:

Email:

Signature…………………………………………………………….Date……………………………