
၂၀၀၇။
၂၀၀၇။
တော်လှန်ရေးကောင်စီသည် အသက်မွေးဝမ်းကြောင်းမှုနှင့် မကိုက်ညီသော လက်ရှိ ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရမည်ဟု ယုံကြည်သည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ် စိတ်ဓါတ်ကို အခြေခံသည့် အသက်မွေးဝမ်းကြောင်းမှုနှင့် ကိုက်ညီသော ပညာရေးစနစ်တစ်ရပ်ကို ဖေါ်ဆောင်၍ သိပ္ပံပညာကို ဦးစားပေးမည်။
ပြီးခဲ့တဲ့ တပတ်မှာ ကျောင်းသားအခွင့်အရေး ဆုံးရှုံးမှုတွေကို တောင်းဆိုတာ ကြောင့် အာဏာပိုင်နဲ့ ကျောင်းသားတွေကြား ပဋိပက္ခဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပညာရေးလောကမှာ အထင်အရှား ဖြစ်ပျက်ခဲ့တဲ့ ၇ဇူလိုင် အရေးအခင်းနဲ့ ကိုးရီးယားနိုင်ငံ မှာ ၁၉၈၀ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်း ပြဿနာ တွေကို တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ အဲသည် ၁၉၆၂ ဇူလိုင်၇ရက်နေ့ကစပြီး ဒီနေ့ထက်ထိအောင် ကျောင်းသားဆိုင်ရာ အခွင့်အရေးတွေ မရသေးတဲ့အပြင် ပညာရှင်တွေအတွက်လည်း လွတ်လပ်ခွင့်တွေ ထိုက်တန်တဲ့ နေရာဌာနတွေ လုပ်ပိုင်ခွင့် တွေ မရသေးပါဘူး။
မြန်မာနိုင်ငံမှာကတော့ ရာထူးအနေအထား မြင့်တယ်လို့ ဆိုနိုင်တဲ့ ပါမောက္ခတွေတောင် အတော်များများက နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပညာတော်သင် အစီအစဉ် တွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ မတက်ဖူးကြပါဘူး။ ပညာရေးဝန်ထမ်းတွေဟာ ကျောင်းတွေမှာ သင်ကြားရေးတွေ စာမေးပွဲလုပ်ငန်းစဉ်တွေနဲ့သာ အချိန်ကုန်ပင်ပမ်းနေကြရတာမို့ ကျောင်းအလိုက် ဌာနဆိုင်ရာအလိုက် စာတမ်းဖတ်ပွဲတွေတောင် ပုံမှန်မလုပ်နိုင်ကြပါဘူး။ အဲဒီအခါ နိုင်ငံတကာ အဆင့်ထိအောင် အမြင်ကျယ်ပြောတဲ့ အတွေ့အကြုံ ဗဟုသုတကိုလည်း စိတ်မ၀င်စားကြတော့ပါဘူး။ အဲဒီအခါ မြန်မာနိုင်ငံက ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်မီ ပညာရှင်တွေရဲ့ တန်ဖိုးနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုတောင် မတောင်းဆိုကြ တော့ပါဘူး။ အဲဒီအပြင် ကိုယ်ရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုကြတဲ့ ကျောင်းသားတွေကိုတောင် အုပ်ချုပ်သူ အာဏာပိုင်တွေအလိုကျ ဟန့်တားတာတွေ၊ တင်းတင်းမာမာ ချုပ်ကိုင်တာတွေ အမျိုးမျိုး လုပ်လာပါတယ်။
မေငြိမ်း(၂၀၀၇)
ပြီးခဲ့တဲ့ တပတ်မှာ နှိုင်းယှဉ် တင်ပြသွားခဲ့သလိုပဲ မြန်မာနိုင်ငံစစ်အစိုးရရဲ့ ပညာရေးအပေါ် ၀င်ပြီး စွက်ဖက် ချုပ်ကိုင်နေပုံက ကွန်မြူနစ်ခေတ် တရုတ်နိုင်ငံရဲ့ ပုံစံအတိုင်းပါပဲ။ လက်ရှိမှာလည်း တရုတ်အစိုးရဟာ ပညာရေးကဏ္ဍကို ခေတ်မီတိုးတက်အောင် အဘက်ဘက်က ပံ့ပိုးပေးနေပေမဲ့ တဘက်ကလည်း ပညာရေး စနစ်ထဲမှာ သင်ကြားမှု သင်ယူမှု နယ်ပယ်ထဲမှာ လွတ်လပ်မှုမရှိဘဲ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတာ၊ လာဘ်ပေးလာဘ်ယူ ရှိတာ၊ အစိုးရနဲ့ အဆင်ပြေရင် ပြေသလို အခွင့်အရေး ရတာ၊ အနောက်နိုင်ငံက ပညာရှင် တွေရဲ့ လာရောက်ပို့ချမှုတွေကိုတောင် ၀င်ရောက် စွက်ဖက် တားမြစ် ကန့်သတ်တာတွေ၊ ပြည်ပ ပညာတော်သင်တွေကို အမြောက်အများ ခွင့်ပြုထားပေမဲ့ သူတို့ နိုင်ငံရေးအာဏာနဲ့ ပတ်သက်ပြီး ဝေဖန် သုံးသပ်ထိပါး ရေးသားတာမျိုးကိုတော့ ချုပ်ချယ်ကန့်သတ်တာမျိုးတွေ ရှိနေတုန်းပါပဲ။
ရုရှနိုင်ငံဟာလည်း ကွန်မြူနစ်ဝါဒ လွှမ်းမိုးပြီး နိုင်ငံရေးကို ချုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပေမဲ့ ပညာရေးကဏ္ဍကို သေသေချာချာ ပံ့ပိုးပေးပြီး သင်ကြားမှု သင်ယူမှုတွေမှာ လွတ်လပ်မှုရှိတာ တွေ့ရပါတယ်။ ဆရာ တပည့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးခွင့် ရှိပါတယ်။ ပြီးတော့ ကျောင်းဝင်းတွေထဲမှာ လွတ်လွတ်လပ်လပ် နေထိုင် သွားလာခွင့်၊ ဆည်းပူးလေ့လာခွင့် တွေရှိပါတယ်။ စာကြည့်တိုက် ကောင်းကောင်းတွေ အများကြီး ရှိပါတယ်။ ကျောင်းသားတွေရဲ့ နေထိုင်ရေးကအစ အဆင့်အတန်းမြင့်မြင့် ဖန်တီးပေးထားပါတယ်။ ကျောင်းစရိတ် ကလည်း မများပါဘူး။
မြန်မာနိုင်ငံမှာက လက်ရှိအခြေနေထိ အဘက်ဘက်က လွတ်လပ်ခွင့်တွေ အများကြီး ဆုံးရှုံးနေကြရပါတယ်။ အထူးသဖြင့်တော့ ပညာရှေ့သွားစနစ်လွှမ်းမိုးနေတဲ့ မျက်မှောက် ခေတ်မှာ နိုင်ငံတနိုင်ငံဟာ ပညာရေးမှာ စဉ်းစားတွေးခေါ်မှု၊ လေ့လာသင်ကြားမှုတွေ လွတ်လပ်မှပဲ ဆင်ခြင်တုံတရားနဲ့ ဥာဏ်ပညာက ဦးဆောင်တဲ့ နိုင်ငံသားတွေကိုသုံးပြီး တကယ်တမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
“ကျနော်က အထွေထွေမြန်မာစာကို သင်ရင်းနဲ့ ဗဟုသုတအနေနဲ့ အဲဒီနှစ်မှာ ထောင်စုနှစ်အတွင်း အတော်ဆုံး လူရွေးတယ်ဆိုတဲ့ တိုင်းမဂ္ဂဇင်းက သတင်းလေးကို ပြောပြရင်း မြန်မာပြည်မှာ အတော်ဆုံးပုဂ္ဂိုလ်ရွေးရင် ဆရာကတော့ ဦးဥတ္တမကိုရွေးမယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို ရွေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးမယ်လို့ ကျောင်းသားတွေကို ပြောပါတယ်၊ တကယ်လို့ အဆိုးဆုံးကို ရွေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လုပ်ခဲ့တဲ့ ဦးနေ၀င်း ပေါ့ကွာ..လို့ ပြောလိုက်တယ်။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ အဲဒီတုန်းက ကျောင်းတွေမှာက လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်တွေမရှိတော့ ကလေးတွေက ဘာမှမသိ နားမလည်ဖြစ်နေတာ။ ဒါကြောင့် ကျနော်တို့ ဆရာဆရာမတွေမှာ သမိုင်းအမှန်တွေကို သိအောင်ပြောပြဖို့ တာဝန်ရှိတယ်လို့ ကျနော်ယုံကြည် လို့ ပြောရတာပဲ”..လို့ ပြောပြပါတယ်။
မေငြိမ်း(၂၀၀၇)
ပညာရေးအဆင့်အတန်း အမှန်တကယ် မြင့်မားဖို့ဆိုရင် ဘယ်နိုင်ငံမှာမဆို ပညာရေးစနစ်ဟာ အဖွဲ့အစည်းတွေ အယူဝါဒတွေရဲ့အောက်မှာမရှိရဘဲ လွတ်လပ်စွာ ဖြစ်တည် နေရမယ်လို့ နိုင်ငံတကာပညာရေးပညာရှင်တွေက သဘောတူ ဆုံးဖြတ်ထားပါတယ်။ လွတ်လပ်တဲ့ ပညာရေး ဆိုတာမှာလည်း ကျောင်းပညာရေးဟာ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေ စိတ်ကြိုက်ရွေးချယ်သင်ကြားခွင့် ရှိရပါတယ်။ အဲဒီအပြင် လိုအပ်တဲ့ သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ပြည့်စုံရင် ဘယ်သူမဆို ကျောင်း တည်ထောင်ခွင့်လည်း ရှိပါတယ်။ ဒါကြောင့် ပညာရေးလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ ကျောင်းတွေ အပြိုင်အဆိုင် တည်ထောင်ရာ ကနေ ပညာရေးအဆင့်အတန်းတွေ စနစ်တွေကိုလည်း ကောင်းသထက်ကောင်းအောင် အပြိုင်အဆိုင် အားထုတ်လာကြတာ ဖြစ်ပါ တယ်။
အဲဒီလိုပဲ သမိုင်းဆိုင်ရာသင်ရိုးတွေမှာလည်း လက်တွေ့လောကမှာ အသုံးချမရတဲ့ သမိုင်းကြောင်းတချို့နဲ့ မြန်မာဘုရင်အဆက်ဆက် နယ်ပယ်ချဲ့ထွင်ရင်း ဖြစ်ကြတဲ့ စစ်ပွဲတွေကိုသာ အသားပေး ပြဌာန်းတာ တွေ့ရ ပါတယ်။ လူမျိုးရေး ဘာသာရေး အာဃာတ လွှမ်းမိုးပြီး နိုင်ငံရေးအရ သူတို့လိုအပ်သလို ၀ါဒဖြန့်တဲ့ ရှုထောင့်တွေဘက်က နေ လိုရာဆွဲရေးသားတဲ့ သင်ခန်းစာမျိုးတွေ ဖြစ်ပါတယ်။ ဥပမာပြောရရင် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို သီးခြားပြဌာန်းစာအုပ်အဖြစ် သတ်မှတ်ထားတာမျိုးပါ၊ ဒါဟာ စာသင်သားတွေကို နိုင်ငံရေးမှိုင်းတိုက်တာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းထဲက သင်ခန်းစာ ယူစရာ အမှားတွေကို ဝေဖန်ပိုင်းခြား တတ်အောင်၊ ဆင်ခြင်သုံးသပ်တတ်အောင် သင်ကြားပေးတာမျိုး လုံးဝမရှိပါဘူး။
မေငြိမ်း (၂၀၀၇)
ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...